Monday, April 2, 2007

Tool Menu မှ Folder Options ပျောက်သွားခြင်းကို ပြန်လည်ပြင်ဆင်နည်း

အခုတစ်လော ကျွန်တော်တို့ရဲ့  ကွန်ပြူတာကို virus တွေက တိုက်ခိုက်လို့ Folder Options ပျောက်နေလို့ စိတ်ညစ်နေတဲ့ ညီအကိုများအတွက် Folder Option
ကို ပြန်ပြီး အသုံးပြုလို့ ရအောင် ပြုလုပ်နည်းကို တင်ပြပေးသွားပါမယ် ။ အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်လိုက်ရင် ပြန်လည် အသုံးပြုလို့ ရပါပြီ ။

Start > Run ကိုဖွင့်ပါ ။
Run တွင် regedit ဟု ရိုက်ထည့်  လျှင် Registry Editor ပွင့်လာပါမည်။
၎င်းတွင် HKEY_CURRENT_USER ကိုရွေးချယ်ပြီး အဲဒီနောက် Software>Microsoft>Windows>CurrentVersion>Policies>Explorer တို့ကို
တစ်ဆင့်ချင်း ဖွင့်သွားပါ ။ ၄င်း Explorer သို့ မောက်စ် ကလစ် နှစ်ချက် နှိပ်လိုက်ပါ ။ထိုအခါ ညာဘက်ရှိ မြင်ကွင်းအတွင်း No Folder Options ဟူသော
value ကို တွေ့  လျှင် delete လုပ်လိုက်ပါ ။ အကယ်လို့ အထက်ပါနည်းလမ်းနဲ့ လုပ်လို့မှ မရလို့ ရင်တော့ နောက်တစ်နည်းရှိပါသေးတယ် ။

Start > Run အဲဒီနောက် regedit လို့ ရိုက်ပြီး ပေါ်လာတဲ့ Registry Editor dialog box ၏ Edit > Find . . . ကိုဖွင့်ပြီး "Find what :" တွင် Folder Options
ဟု ရိုက်ထည့်ပါ ။ ထို့နောက် Folder Options ၏ 'Reg_dword' တန်ဖိုးကို '1' သို့ ပြောင်းပေးလိုက်ပါ ။ တစ်ချို့  က registry တွင် အထက်ပါ ပုံစံမျိုး မတွေ့ရပါ
ဘူးဆိုရင် Run တွင် 'gpedit.msc'လို့ ရိုက်ထည့် လိုက်ပါ။ ထိုအခါ 'Group Policy ( dialog box)' ပေါ်လာပါမည်။ ၄င်းတွင် 'User Configuration >
Administrative Templates > Windows Components >Windows Explorer ကိုရွေးချယ်ပြီး မောက်စ်ဖြင့် ကလစ်ပြုလုပ်ပြီး ဖွင့်လိုက်ပါ။ မြင်ကွင်းညာဘက်အတွင်း
ပေါ်လာသော Setting များမှ 'Removes the Folder Options menu item from the Tools menu ' ကိုရှာ ပြီး မောက်စ်ညာကလစ်ပြုလုပ်ပါ။ ပေါ်လာသော pop up menu
မှ 'Disable' ကိုရွေးချယ်ပြီး Apply လုပ်လိုက်ပါ။ ဒါဆိုရင် အားလုံးဘဲ အဆင်ပြေသွားပါလိမ့်မယ် ။ အရေးကြီးတဲ့ ဖိုင်တွေကို Hidden လုပ်ထားတဲ့ ညီအကိုများ စိတ်မညစ်ကြပါနဲ့ တော့ ။

No comments: