Monday, April 30, 2007

ကာတွန်း


ကာတွန်းပုံတွေကို ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက ရင်နှီးခဲ့ကြတာပါ။ ငယ်ငယ်တုန်းကဆို
ကာတွန်းဂျာနယ်မှာ ရွှေသွေးကို ကျွန်တော် စွဲစွဲမြဲမြဲ ဖတ်ခဲ့တယ်။ အိမ်ကလူကြီးတွေက ရွှေသွေး
ဂျာနယ်ကို အပတ်စဉ်ဝယ်ပေးကြတယ်လေ။ နောက် အသက်ကြီးသွားတော့လည်း ကျွန်တော်တို့
ကာတွန်းတွေနဲ့ မလွတ်ကင်းကြပါဘူး။ တစ်ခုခုကို လှောင်ပြောင်ပေးချင်ရင်ဖြစ်စေ ၊ အကြောင်း
တစ်ခုခုကို ပြောချင်ရင်ဖြစ်စေ ကာတွန်းနဲ့ ပုံဖော်ကြပါတယ်။ အခုတင်ပေးမယ့် ပုံလေးကတော့
မြန်မာ့ဓန စာအုပ်ထဲက ကာတွန်းလေးတစ်ခုပါ။ အားလုံးဘဲ ခံစားကြည့်ကြပါဦးလို့ . . . ။


No comments: