Wednesday, April 11, 2007

ချန်ပီယံလိဒ် ဘောလုံးပွဲ

ကျွန်တော်က ဘောလုံး ၀ါသနာအိုးပါ ။ ဒါကြောင့်လဲ ဘောလုံးပွဲတွေလာရင် မအိပ်ဘဲနဲ့ကို ကြည့်ပါတယ် ။ အခုပြောမယ့် အကြောင်းအရာကတော့ . . .

ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲမှာ ချယ်ဆီး နဲ့ မန်ယူဟာ အသီးသီးအနိုင်ရရှိပြီး ဆီမီးအဆင့်သို့ တက်ရောက်သွားပါပြီ ။ လီဗာပူးအသင်းကလဲ
ပီအက်ဗီကို အဝေးကွင်းမှာ သုံးဂိုးသွင်းထားပြီး မနက်ဖြန်မနက် 1 နာရီ 15မှာ ဒုတိယအကျော့ကို လီဗာပူးအိမ်ကွင်းမှာ ကန်ရဦးမှာပါ။ လီဗာပူး
ကလဲ ဆီမီသို့ သေချာပေါက် တက်ရောက်ဖို့ရှိပါတယ် ။ ဒါကြောင့် ချန်ပီယံလိဒ်မှာ အင်္ဂလန် အခြေစိုက် ကလပ်အသင်းသုံးသင်းစလုံးဟာ ဆီမီးက
ို တက်ရောက်ကြမှာပါ။ချယ်ဆီးဟာ လီဗာပူးနဲ့ တွေ့မှာဖြစ်ပြီး ၊ မန်ယူဟာ ဘိုင်ယန်(သို့မဟုတ်) အေစီမီလန် နဲ့တွေ့ဖို့ရှိပါတယ်။ ဘိုင်ယန်နဲ့ အေစီမီလန်
မှာလဲ ဘိုင်ယန်က ဆီမီးသို့ တက်ဖို့ အခြေအနေပေးနေပါတယ် ။ အေစီမီလန် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက အဝေးဂိုး နှစ်ဂိုးရထားလို့
ဘိုင်ယန်တို့ အိမ်ကွင်းမှာ ဂိုးမရှိသရေ ကန်ရင်ကို ဆီးမီးသို့တက်မှာပါ ။ ယနေ့မနက်က ကန်သွားတဲ့ မန်ယူနဲ့ ရိုးမား ၊ ချယ်ဆီးနဲ့ ဗလင်စီယာ က
သွင်းသွားတဲ့ ဂိုးတွေကိုအောက်မှာ ကြည့်လို့ရအောင် တင်ထားပေးပါတယ် ။



Chelsea - For more funny videos, click here

No comments: