Monday, April 2, 2007

အားလုံးဘဲ မင်္ဂလာပါ ။


ကျွန်တော်တို့မြန်မာလူမျိုးများရဲ့  နှစ်သစ်ကို ကြိုဆိုတဲ့ သင်္ကြန်ပွဲတော်ကြီး ကျရောက်မဲ့ အချိန်ဟာဆိုရင် အခုဆို တော်တော်လေး နီးကပ်နေပါပြီ
ကျွန်တော်လဲ ဒီနှစ်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင် ကောင်းမလား ၊ ဒါမှမဟုတ် ခရီးသွားရင်ကောင်းမလားလို့ စဉ်းစားနေတာပါ ။ အခုထိတော့
အဖြေမထွက်သေးဘူး ။ သင်္ကြန်ကျရင် ကျွန်တော်တို့ မန်းလေး မြို့  ကြီးကတော့ အစည်ဆုံးလို့ ထင်ပါတယ် ။ ကျူံးပတ်လည်မှာ ကားများ ကြိတ်ကြိတ် တိုးလို့
စည်ကားနေတာပါ။ ကန်တော်ကြီးဘေးမှာလဲ အခုနှစ်တွေမှာ စည်ကားစပြုလာပါပြီ ။ ဦးပိန် တံတားကတော့ ရှေးရိုးရာမပျက် စည်ကားလျက်ရှိပါတယ် ။ ကဲ . .
ဘော်ဘော်တို့ကော ဘယ်လိုအစီအစဉ်တွေများ ရှိကြမလဲ မသိဘူးနော် . . . ။ ။

No comments: