Thursday, May 10, 2007


ရာသီဥတုအပြောင်းအလဲဖြစ်ပြီးသကာလ ကျွန်တော်လည်း ဖျားတော့တာပါဘဲဗျာ။ နှာစေး၊ချောင်းဆိုး၊အအေးမိဖြစ်ပြီး ဖျားနေတော့တာဘဲ။မိုးရွာတဲ့နေ့တုန်းက
ကျွန်တော်က ညအိပ်တော့ ပန်ကာဖွင့်ပြီးအိပ်တော့ အအေးမိတော့တာပေါ့ဗျာ။ ဒါကြောင့်မို့ ကျွန်တော့်ဘလောက်မှာ ပို့စ်တွေအသစ်မတင်နိုင်သေးတာပါ။ ကျွန်တော် အခုတင်ချင်တဲ့ ပို့(စ်)က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တင်ချင်တာပါ။ ဒါကြောင့် သူ့အကြောင်းကို စာအုပ်တွေဖတ်ပြီးလေ့လာနေပါတယ်။ ဗမာပြည်ကြီးကို လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်တော်တို့တတွေ မမေ့သေးဘူးဆိုတာရယ်၊ ကျွန်တော်တို့လိုလူငယ်တွေက ဗိုလ်ချုပ်အကြောင်းကိုသိသင့်တယ်လို့ယူဆလို့ အဲဒီပို့(စ်)ကို တင်ချင်တာပါ ။
အဲဒါနဲ့ပတ်သတ်ပြီးပြောချင်တာလေးတွေရှိပါသေးတယ်။ ကျူးပစ်ဖိုရမ်မှာ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီးပြောကြတော့ ကျူးပစ်မန်ဘာ တစ်ယောက်ပြောသွားတာလေးကို သတိရလို့ပါ။ “ တခါက မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာတစ်ယောက်က သူ့၏တပည့်ကျောင်းသားများကို မေးခွန်းတစ်ခုမေးလေသည်။ “ တို့မြန်မာနိုင်ငံကြီးကို ဖတ်ဆစ်ဂျပန်နဲ့ နယ်ချဲ့ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရအောင် တိုက်ခဲ့တာဟာ ဘယ်သူတွေလဲ ” လို့ မေးသတဲ့ ။ အဲဒီအခါမှာ ကျောင်းသားတစ်ယောက်က “သီဟတင်စိုး” တဲ့ ။ နောက်တစ်ယောက်
ကလည်း အားကျမခံ “ သီဟတင်စိုးမဟုတ်ဘူး ၊ နေထင်လင်း ဖြစ်တယ် ”လို့ ဖြေသတဲ့။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ ဗိုလ်ချုပ်အကြောင်းကို သိအောင် လေ့လာထားသင့်တယ်လို့ ထင်လို့ ဗိုလ်ချုပ် သမိုင်းကြောင်းကို တင်လိုခြင်းဖြစ်ပါတယ်။ ခဏလောက်တော့ စောင့်ပါဦးလို့ ။
ကျွန်တော်နေပြန်ကောင်းတယ်အချိန်ကျရင် ဗိုလ်ချုပ်အကြောင်းကို ဖတ်လို့ရအောင် ကြိုးစားပြီး တင်ထားပေးပါ့မယ် ။

No comments: