Saturday, May 26, 2007

ချန်ပီယံလိဒ် ဖိုင်နယ် ဗိုလ်လုပွဲကြီး


ကျွန်တော်တို့ ဘောလုံးဝါသနာရှင်တွေ စိတ်ဝင်စားကြတဲ့ ချန်ပီယံလိဒ် ဘောလုံးပြိုင်ပွဲကြီးဟာ
အခုဆိုရင် ပြီးဆုံးသွားပါပြီ။ ဗိုလ်လုပွဲကို တက်ရောက်လာကြတဲ့ နှစ်သင်းကတော့ အေစီမီလန်
နှင့် လီဗာပူးအသင်းတို့ ဖြစ်ကြပါတယ်။ 2005 ခုနှစ်တုန်းကလည်း ဒီနှစ်သင်းဘဲ ဗိုလ်လုပွဲကို
တစ်ခု ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ အေစီဟာ ပထမပိုင်းမှာ လီဗာပူးအသင်းကို 3 ဂိုးပြတ်
သွင်းထားပေမယ့်လည်း ဒုတိယပိုင်းမှာ လီဗာပူးရဲ့  အမှတ်မထင် တိုက်စစ်ဆင်မှုနဲ့အတူ သုံးဂိုး
ပြန်ပြီး ပေးလိုက်ရပါတယ်။ ဒါနဲ့ဘဲ ပင်နယ်တီကို ရောက်ရှိသွားခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ အေစီ
မီလန်ဟာ ခါးသီးလှတဲ့ ရှုံးကြွေးကို အေသင်မှာ ဆပ်ခဲ့နိုင်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ပီယာလို
ကန်တဲ့ ဖရီးကစ်ကဆင့် အင်ဇာဂျီက လမ်းကြောင်းပြောင်းပြီး ဂိုးအဖြစ် ဖန်တီးခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာလည်း အေစီကဘဲ နောက်ထပ်တစ်ဂိုး ရရှိသွားပြန်ပါတယ်။ အဲဒီဂိုးကလည်း
အင်ဇာဂျီကဘဲ ကာကာရဲ့ ဖန်တီးမှုမှတဆင့် နောက်တန်းသမားတွေကို ကျော်ပြီး ဂိုးသမားရဲ့ 
ခါးကြားထဲကဘဲ သွင်းယူခဲ့ပါတယ်။ သိပ်မကြာခင် မှာဘဲ လီဗာပူးကလည်း တစ်ဂိုးပြန်သွင်းခဲ့ပါ
တယ်။ အဲဒီတစ်ဂိုးဟာ အေစီပရိသတ်တွေအတွက် ရင်ထိပ်စရာပါဘဲ။ 2005ခုနှစ်ကလိုမျိုး တစ်
ကျော့ပြန်လာသလားလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အေစီမီလန်
ဟာ ချန်ပီယံလိဒ်ဖလားကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားပါတယ်။



Milan Vs Liverpool (Final) - The best bloopers are a click away

No comments: